မာလာမြိုင်ဝက်ဘ်ဆိုက်တွင် ဘယ်လိုစာရင်းသွင်းမလဲ ?
- ပထမဦးစွာ မာလာမြိုင်ဝက်ဘ်ဆိုက် စာမျက်နှာသို့ ဝင်ရောက်ပါ။
- ထို့နောက် စာမျက်နှာ အပေါ်ညာဘက်ထောင့်တွင်ရှိသော Tab Bar ကိုနှိပ်ပါ။
- အီးမေးလ်လိပ်စာဖြင့်လည်း စာရင်းသွင်းနိုင်သလို၊ Facebook ဖြင့်လည်း ဝင်နိုင်ပါသည်။
- အကောင့်ပြုလုပ်မည်ကို နှိပ်ကာ သင့်ရဲ့ အချက်အလက်များဖြစ်တဲ့ နာမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်နှင့် လျို့ဝှက်နံပါတ်များကို ဖန်တီးကာစာရင်းသွင်းခြင်းအောင်မြင်ပြီဖြစ်ပါသည်။
မာလာမြိုင်ဝက်ဘက်ဆိုက်တွင်ဈေးဝယ်ရန် မဖြစ်မနေစာရင်းသွင်းဖို့ လိုအပ်ပါသလား?
- ဈေးဝယ်ရာတွင် အကောင့်ပြုလုပ်စရာမလိုဘဲလည်း ကိုယ်လိုချင်သည့်ပစ္စည်းကို ရွေးချယ်ကာ အလွယ်တကူ ဝယ်ယူနိုင်ပါသည်။
ပစ္စည်းများကိုဘယ်လိုဝယ်ယူရမလဲ ?
- ကိုယ်လိုချင်တဲ့ပစ္စည်းကို သက်ဆိုင်ရာ အမျိုးအစားအုပ်စုမှ တစ်ဆင့်ရွေးချယ်ပြီးနောက် ဈေးခြင်းထဲထည့်မည်ဟူသော စာသားကို နှိပ်ပြီး အရေအတွက် အတိုးအလျှော့ကို + – ခလုတ်ကို နှိပ်ကာ ပြုလုပ်နိုင်ပါသည်။
- ထို့နောက် မိမိစိတ်တိုင်းကျ အိမ်အရောက်ပို့ပေးပါ နှင့် ဆိုင်လာယူမည်ကို ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပါသည်။ နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာအပြည့်အစုံများထည့်ပြီးနောက် အမှာစာတင်မည်ကို ထည့်လိုက်ပြီးသည်နှင့် အော်ဒါအတည်ပြုပြီးဖြစ်ကာ အော်ဒါနံပါတ်နှင့် နေ့စွဲများ ကျသင့်သော ဈေးနှုန်းများ အလိုအလျောက်ကျလာမည်ဖြစ်ပါသည်။
ဘယ်လိုငွေပေးချေမှုတွေဖြင့်ဝယ်ယူနိုင်ပါသလဲ ?
- KBZ Pay, KBZ, AYA, CB တို့ဖြင့် ငွေပေးချေနိုင်သလို အိမ်အရောက် ငွေပေးချေမှုစနစ်ဖြင့်လည်းမှာ ယူနိုင်ပါသည်။
မှာယူပြီးမည်မျှအကြာတွင်ရရှိမလဲ?
- သက်ဆိုင်ရာ Admin Team မှ ဖုန်းဆက်သွယ် အော်ဒါအတည်ပြုပြီးနောက် (၃) ရက်အတွင်း ပို့ဆောင်ပေးမည်ဖြစ်ပါသည်။