Since 1989, we started the agriculture business solutions.

Showing: 1 - 2 of 2 Articles
Hydroponic System (3)

ရေနှင့်မှန်ကန်သော အာဟာရရည်ပါဝင်သည့် မြေဆီလွှာမလိုအပ်သောမြေမဲ့စိုက်ပျိုးနည်းစနစ် (Hydroponic System)

မြေမဲ့စိုက်ပျိုးခြင်းစနစ်ဆိုတာဟာ အပင်များကြီးထွားရန် မြေဆီလွှာမလိုအပ်ဘဲ ရေနှင်အာဟာရသာ အဓိကလိုအပ်တဲ့ အပင်စိုက်ပျိုးခြင်းစနစ်ဖြစ်ပါသည်။ မြေမဲ့စိုက်ပျိုးခြင်းစနစ်သည် မြေဆီလွှာပေါ်တွင် စိုက်ပျိုးခြင်းထက် အပင်ကြီးထွားမှုနှုန်းပိုမြန်ဆန်ပြီး မြေဆီလွှာအတွင်းတွင်ပိုးမွှားများစွာလည်းရှိသောကြောင့် မြေမဲ့စိုက်ပျိုးခြင်းစနစ်သည် ပိုမိုသန့်ရှင်း၍ ပိုးမွှားအလွန်နည်းပါးပြီး ရောဂါပြဿနာများ ပေါ်ပေါက်နှုန်းလည်းနည်းပါးပါသည်။ မြေမဲ့စိုက်ပျိုးခြင်းစနစ်သည် မိုးလုံလေလုံ စိုက်ပျိုးခြင်းအတွက်အကောင်းဆုံးဖြစ်သည့်အတွက် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပါသည်။ ဓာတုကင်းလွတ်ဟင်းသီးဟင်းရွက်များကိုမိမိကိုယ်တိုင်အလွယ်တကူစိုက်ပျိုးနိုင်တဲ့အတွက် စိုက်ပျိုးသူရင်ထဲတွင်စိတ်ကြည်နူးမှုရရှိစေနိုင်ပါသည်။ မြေမဲ့စိုက်ပျိုးခြင်းစနစ်တွင် အသုံးပြုသော အိုး၏အဖြူရောင်မျက်နှာပြင်သည် အပင်၏အရွက်များပေါ်တွင် အလင်းကို အညီအမျှရောင်ပြန်ဟပ်စေပြီး ကြီးထွားမှုကိုတိုးတက်စေသည်။

Water Irrigation System (4)

လုပ်သားအင်အားနှင့် ကုန်ကျစရိတ်ချွေတာနိုင်မည့် ရေအစက်ချစနစ်နှင့် ရေပန်းစနစ်နည်းပညာ (Irrigation System)

ရေစက်ချစနစ်နှင့် ရေပန်းစနစ်နည်းပညာသည် အပင်အတွက်လိုအပ်တဲ့ရေနှင့်မြေဩဇာအာဟာရရည်များကို အပိုအလိုမရှိတိကျစွာဖြန့်ဝေပေးနိုင်သည့်စနစ်ဖြစ်ပါသည်။ တောင်ကုန်းတောင်စောင်းရှိ စိုက်ခင်းများနှင့် စိုက်ပျိုးရေရှားပါးသောဒေသရှိစိုက်ခင်းများတွင်အသုံးပြုရန်အထူးသင့်တော်ခြင်း မြေအမျိုးအစားမရွေးနှင့် သီးနှံအမျိုးမျိုးတွင် တပ်ဆင်အသုံးပြုနိုင်ခြင်း အမြစ်ဇုံကိုတိုက်ရိုက်ရေပေးခြင်းနှင့် အရွက်များကိုရေမထိသောကြောင့် ရောဂါကျရောက်မှုကိုလျော့နည်းစေခြင်း မည်သည့်ရာသီဉတုအခြေအနေမဆိုတွင် ရေပေးနိုင်ခြင်း ဆားဓာတ်ပါဝင်မှုများသောရေကိုသာအသုံးပြုရသောဒေသများတွင်လည်းအသုံးပြုနိုင်ခြင်း