မြေမဲ့စိုက်ပျိုးခြင်းစနစ်ဆိုတာဟာ အပင်များကြီးထွားရန် မြေဆီလွှာမလိုအပ်ဘဲ ရေနှင်အာဟာရသာ အဓိကလိုအပ်တဲ့ အပင်စိုက်ပျိုးခြင်းစနစ်ဖြစ်ပါသည်။
- မြေမဲ့စိုက်ပျိုးခြင်းစနစ်သည် မြေဆီလွှာပေါ်တွင် စိုက်ပျိုးခြင်းထက် အပင်ကြီးထွားမှုနှုန်းပိုမြန်ဆန်ပြီး မြေဆီလွှာအတွင်းတွင်ပိုးမွှားများစွာလည်းရှိသောကြောင့် မြေမဲ့စိုက်ပျိုးခြင်းစနစ်သည် ပိုမိုသန့်ရှင်း၍ ပိုးမွှားအလွန်နည်းပါးပြီး ရောဂါပြဿနာများ ပေါ်ပေါက်နှုန်းလည်းနည်းပါးပါသည်။
- မြေမဲ့စိုက်ပျိုးခြင်းစနစ်သည် မိုးလုံလေလုံ စိုက်ပျိုးခြင်းအတွက်အကောင်းဆုံးဖြစ်သည့်အတွက် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပါသည်။
- ဓာတုကင်းလွတ်ဟင်းသီးဟင်းရွက်များကိုမိမိကိုယ်တိုင်အလွယ်တကူစိုက်ပျိုးနိုင်တဲ့အတွက် စိုက်ပျိုးသူရင်ထဲတွင်စိတ်ကြည်နူးမှုရရှိစေနိုင်ပါသည်။
- မြေမဲ့စိုက်ပျိုးခြင်းစနစ်တွင် အသုံးပြုသော အိုး၏အဖြူရောင်မျက်နှာပြင်သည် အပင်၏အရွက်များပေါ်တွင် အလင်းကို အညီအမျှရောင်ပြန်ဟပ်စေပြီး ကြီးထွားမှုကိုတိုးတက်စေသည်။