ကုန်ပစ္စည်းအချက်အလက်များ
စပါး၊ နှံစားသီးနှံများ၊ ရှောက်သံပုရာမျိုးရင်းဝင်အပင်များ သခွားမွှေး၊ ဖရဲ၊ ကော်ဖီ၊ ခရမ်းချဉ်၊ ငရုတ်၊ ကြက်သွန်နီ၊ ကွမ်းနှင့် အလှပန်းပင်များ၊ သရက်၊ ပန်းသီး၊ ထောပတ်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ မက်မုံမက်မန်း၊ စတော်ဘယ်ရီစသော သစ်သီးပင်များနှင့် ဆေးရွက်ကြီးတို့တွင် ကျရောက်သော ရွက်ပြောက်ရောဂါ၊ ရွက်နက်/ညိုပြောက်ရောဂါ၊ ဒေါင်းနီးရွက်ခြောက်ရောဂါ၊ စောပင်နာကျနှင့် နှောင်းပင်နာကျရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ၊ ဖားမျက်စိကွက်ရောဂါ၊ တောက်တဲ့မြီးရောဂါ၊ ဘတ်တီးရီးယားရွက်ပြောက်/ခြောက်ရောဂါ၊ ဆီစွန်းကွက်ပြောက်ရောဂါ၊ ချေးဖတ်ရောဂါ၊ ဘတ်တီးရီးယားရိုးမဲဆစ်ပြုတ်ရောဂါအစရှိသည့် မှိုရောဂါနှင့် ဘတ်တီးရီးယားရောဂါအမျိုးမျိုးကို ကာကွယ်နှိမ်နင်းနိုင်သည့် အစွမ်းထက်မှိုသတ်ဆေး/ဘတ်တီးရီးယားသတ်ဆေးတစ်မျိုးဖြစ်သည်။